ဆတ်သွားဖူးမုန့်
==========
စားဖူးသူရှိတော့ရှိပါမယ်။ရှားပါလိမ့်မယ်။
ဆတ်သွားဖူးမုန့်ကို လုပ်ရောင်းသူ နည်းလို့ပါ။
ဆန်ကြမ်းတစ်ပြည်ကို ကေပာက်ညှင်းဆန် နို့ဆီတစ်ဘူးရော-
ရေစင်စင်ဆေး၊ရေစိမ်ပြီး
နာရီ၀က်လောက်ကြာရင် လက်ဆုံနဲ့ထောင်းပါ။
ရလာတဲ့ဆန်မှုန့်တွေကို စကာချထားပါ။
ဆတ်သွားဖူးမုန့်လုပ်ရင်
ခေါက်မုန့်ဒယ်အိုးလို သံဒယ်အိုးပက်ပက်နဲ့လုပ်ရပါမယ်။
သံဒယ်အိုးကတော့ ဆီဝနေဖို့လိုပါမယ်။
အုန်းသီးကို ခြစ်ပြီးသကြားနဲ့
ပေါက်စေးကျအောင်အုန်းယိုထိုးထားပါ။
မီးဖိုပေါ်ကို သံဒယ်အိုးတင်ပြီး ပူလာရင်
ဆန်မှုန့်တွေကို ဆန်ခါနဲ့ အိုးပေါ်ကိုဖြန့်ချပ်။
ဆန်မှုန့်တွေဟာ ဒယ်အိုးထဲမှာ
သံစကာဘောင်ပုံစံအတိုင်း လေးထောင့်လေးကျနေပါမယ်။့
လိုအပ်တဲ့အထူရရင် မုန့်သားပေါ်ကို အုန်းယိုထည့်ပါ။
ဘေးနှစ်ဖက်ကို သံယောင်းမလေးနဲ့အသာကော်ပြီး
အုန်းယိုပေါ်ကို ခေါက်တင်ပါ။
ပုံမှာပါတဲ့အတိုင်း အရှည်လိုက်ပုံစံလေးဖြစ်နေပါမယ်။
မုန့်ကို ဆယ်ပြီးအအေးခံထားပါ။
ရွရွလေးနဲ့စားလို့ကောင်းပါတယ်။
ရေနွေးကြမ်းနဲ့ဖြစ်စေ၊လက်ဖက်ရည်ကော်ဖီနဲ့ဖြစ်စေ
တွဲဘက်စားသုံးနိုင်တဲ့ မြန်မာ့ရိုးရာမုန့်ဖြစ်ပါတယ်။

Post a Comment