Bubur Cha-Cha
.................
Bubur Cha-Cha လို့ခေါ်တဲ့ စင်ကာပူနဲ့ မလေးရှားတို့မှာ မနက်စာနဲ့ အချိုပွဲအဖြစ် တည်ခင်းရောင်းချတဲ့ အချိုပွဲလေးဖြစ်ပါတယ်။ မြန်မာတို့တည်ခင်းလေ့ရှိတဲ့ ကန်စွန်းဥသာကူနဲ့ ပုံစံတူပြီး အုန်းနို့နဲ့ပြုလုပ်ကာ အရောင်အသွေးစုံလင်အောင် ပြုလုပ်ထားတဲ့ အာဟာရအချိုပွဲလေးပဲ ဖြစ်ပါတယ်။ ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
- သာကူ - ၁၀ဝ ဂရမ်
- ကန်စွန်းဥအရောင်စုံ - ၃ လုံး
- ပိန်းဥ - ၁ လုံး
- သာကူလုံးအကြီး/ကော်ချောင်း - (optional)
- အုန်းနို့ - ၅၀ဝ မီလီ
- ရေ - ၁ လီတာ
- သကြား - ၂၅၀ ဂရမ်
- ဆား - အနည်းငယ်
- ဆွမ်းမွှေးရွက် - ၂ ရွက်
- ငှက်ပျောသီး/ပဲ (Black Eyes Pea) - optional
ပြုလုပ်နည်းအဆင့်ဆင့်
၁။ အိုးတစ်အိုးထဲမှာ ရေထည့်ပြီး ဆူပွက်အောင်တည်ပါ။ ဆူပွက်ပါက သာကူကို ရေဆေးထည့်ပြီး ၅ မိနစ်ခန့် ပြုတ်ပေးပါ။ ပြီးလျှင် မီးပိတ်၊ အဖုံးအုပ်ပြီး ၁၀ မိနစ် ခန့်ထားထားပါ။ ၁၀ မိနစ်ပြည့်ပါက ရေဆေး၊ ရေစစ်ပြီး ရေစိမ်ထားပါ။
၂။ ကန်စွန်းဥ၊ ပိန်းဥကို အခွံသင်ကာ အနေတော်အရွယ် အတုံးများ လှီးဖြတ်ပြီး ပေါင်းထားပါ။ (မိုက်ခရိုဝေ့မှာ ၃ မိနစ်မှ ၅ မိနစ် ထည့်ပေးနိုင်ပါတယ်။)
၃။ ကော်ချောင်းနှင့် သာကူလုံးအကြီးထည့်လိုပါက ပြုတ်ပြီး ရေစိမ်ထားပါ။
၄။ အားလုံးအသင့်ဖြစ်ပါက အိုးထဲမှာ ရေ၊ သကြား၊ အုန်းနို့နှင့် ဆွမ်းမွှေးရွက် ထုံးထားသည်ကို ထည့်ပါ။ ဆား အနည်းငယ်ထည့်ပြီး ဆူပွက်အောင်တည်ပါ။
၅။ ဆူပွက်ပါက ရေစိမ်ထားသော သာကူ၊ ကော်ချောင်းနှင့် သာကူလုံးအကြီးတို့ကို ထည့်ပါ။ ပေါင်းထားသော ကန်စွန်းဥနှင့် ပိန်းဥထည့်ပါ။ အရသာအနေတော်ပါက မီးပိတ်ကာ အပူဖြစ်စေ၊ အအေးဖြစ်စေ တည်ခင်းပြီး သုံးဆောင်နိုင်ပါပြီ။
** ငှက်ပျောသီး၊ ပဲ (Black Eyes Pea) ထည့်ပြီးလည်း တည်ခင်းနိုင်ပါတယ်။

Post a Comment